NCC Education ဟာ ဗြိတိန်အစိုးရမှ 1966 ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (၅၆) နှစ်ကျော် သက်တမ်းရှိ ဂုဏ်သိက္ခာကြီးမားသော UK ပညာရေးဆိုင်ရာ Awarding Body ကြီးတစ်ခုဖြစ်ပါတယ်။စတင်တည်ထောင်ချိန်မှ စပြီး ကမ္ဘာအနှံ့ နိုင်ငံပေါင်း (၅၀) ကျော်မှာ Partner Center ပေါင်း (၂၀၀) ကျော်ဖြင့် UK ပညာရေးကို ဖြန့်ကျက်သင်ကြားပေးနေသည့် ဂုဏ်သိက္ခာရှိ ပညာရေးအဖွဲ့အစည်းကြီး တစ်ခုလည်း ဖြစ်ပါတယ်။ကမ္ဘာ့ထိပ်တန်း UK ပညာရှင်ကြီးများ၊ လုပ်ငန်းရှင်ကြီးများနှင့် လက်တွဲဆောင်ရွက်ကာ NCC Education ရဲ့ ပညာရေးအရည်အသွေးကို အစဉ်တိုးတက်ခေတ်မီအောင် ဆောင်ရွက်နေသည့်အတွက် လုပ်ငန်းရှင်များ ၊ အဆင့်မြင့် တက္ကသိုလ်များ၏ လိုအပ်ချက်များနဲ့ ကိုက်ညီပြီး ကျောင်းသားကျောင်းသူများရဲ့ အလုပ်အကိုင်ရရှိမှု၊ ဘွဲ့ရရှိမှုလမ်းကြောင်းမှာ များစွာ အထောက်အကူ ဖြစ်စေပါတယ်။
NCC Education ပညာရေးတွင် IT နှင့် စီးပွါးရေးဆိုင်ရာ ဒီပလိုမာ၊ အထူးပြုဒီပလိုမာ၊ ဒီဂရီများ နဲ့ ဘွဲ့လွန်ဒီဂရီများအထိ အရည်အချင်း အမျိုးမျိုးကို လေ့လာသင်ယူနိုင်ပါတယ်။NCC Education ဟာ အင်္ဂလန်နိုင်ငံရှိ Ofqual ( The Office of Qualifications and Examinations Regulation ) နှင့် Regulated Qualifications Framework ( RQF ) တို့၏ အရည်အသွေးပိုင်းဆိုင်ရာ စံချိန်စံညွှန်းများအတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။NCC Education ဟာ ပညာရေးဆိုင်ရာ အရည်အသွေးများကို အထူးအလေးထား စောင့်ကြည့်ကွပ်ကဲပြီး အရည်အချင်းပြည့်ဝတဲ့ ပညာတတ်များ ပေါ်ထွန်းလာစေဖို့ အစဉ်အမြဲ စောင့်ကြည့်နေတဲ့ ပညာရေးအဖွဲ့အစည်း ဖြစ်ပါတယ်။NCC Education ဟာ UK တွင် အဓိကရုံးစိုက်ပြီး မလေးရှား၊ တရုတ်၊ စင်ကာပူ၊ တောင်အာဖရိက တို့တွင်လည်း ရုံးခွဲများ ဖွင့်လှစ်ထားရှိပါတယ်။
NCC Education (UK) အကြောင်းအသေးစိတ်လေ့လာရန် https://www.nccedu.com
Y-Max University သည် NCC Education (UK) ရဲ့ တရားဝင်အသိအမှတ်ပြု Center တစ်တခုလည်း ဖြစ်ပါတယ်။ပြည်တွင်း၊ ပြည်ပမှာ လစာအထူးကောင်းမွန်သော IT ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်လိုတဲ့ လူငယ်တွေ အတွက် NCC Education (UK) မှ ပေးအပ်သော ပထမနှစ် Computing Diploma သင်တန်းများကို Y-Max University တွင်လျှောက်ထားနိုင်ပါပြီ။
Diploma in Computing သင်တန်းကို Y-Max University တွင် (၂) နှစ်နီးပါး တက်ရောက်ရမှာဖြစ်ပါတယ်။ သင်တန်းပြီးဆုံးပါက NCC (UK) နှင့် ချိတ်ဆက်ထား သော UK အပါအဝင် နိုင်ငံတကာ တက္ကသိုလ်တွေမှာ နောက်ဆုံးနှစ် (၁)နှစ် တက်ရောက်ပြီး B.Sc (Hons:) ကွန်ပျူတာသိပ္ပံဘွဲ့များကို ရယူနိုင်သလို ပြည်တွင်း မှာလည်း ကုန်ကျစရိတ် သက်သာစွာဖြင့် Y-Max University (YMU) မှာပဲ UK ကဘွဲ့ကို တိုက်ရိုက်တက်ရောက် ရယူနိုင်ပါတယ်။
ဒီ Programme ကိုဘယ်လိုလူတွေတက်ရောက်သင့်လဲ?
ဘွဲ့ရရှိဖို့အတွက်စုစုပေါင်းကြာချိန်ဘယ်လောက်လဲ?
ယခင်တုန်းက ပြည်ပမှာဈေးနှုန်းမြင့်မားစွာဖြင့် သွားရောက်ရယူခဲ့ရသော UK Diploma ဘွဲ့များကို ယခုအခါ ပြည်တွင်းရှိ Y-Max University တွင် ဈေးနှုန်းချိုသာစွာဖြင့် တက်ရောက်ပြီး နိုင်ငံတကာအသိအမှတ်ပြု UK ကဘွဲ့ကို ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ UK တွင် ကုန်ကျမည့် ကျောင်းစရိတ်ထက် အလွန်သက်သာသော ကျောင်းလခဖြင့် မြန်မာနိုင်ငံအတွင်းမှာပင် အိုးမကွာ အိမ်မကွာဖြင့် UK မှဘွဲ့ကို YMU တွင် တက်ရောက် ရယူနိုင်မှာ ဖြစ်ပါတယ်။ Y-Max University (YMU) သည် စည်းစနစ်ကျသော ကျောင်းစည်းကမ်းများနှင့် စာသင်ကြားရေးပိုင်းတွင် UK စံချိန်စံညွှန်းအတိုင်း ပြည့်မီမှုတို့ကြောင့် ကျောင်းသား/သူများ ၊ မိဘအုပ်ထိန်းသူများ၏ ယုံကြည်စွာ ရွေးချယ်မှုကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက် မိမိကြိုက်နှစ်သက်ရာ မေဂျာဘာသာရပ်များကို ရွေးချယ်ပြီး Y-Max University မှာ ကျောင်းဝင်ခွင့်အတွက် စတင်လျှောက်ထားနိုင်ပါပြီ။ သင်တန်းကြေးကိုလည်း လစဉ် (အတိုးမဲ့) အရစ်ကျခွဲသွင်းလို့ ရတဲ့အတွက် UK ကဘွဲ့ကို မြန်မာနိုင်ငံအတွင်းမှာပဲ ဈေးနှုန်းသက်သက်သာသာနဲ့လေ့လာသင်ယူခွင့် ရရှိမှာ ဖြစ်ပါတယ်။
Comments
Quality posts is the crucial to invite the visitors to visit the web page, that's what this web page is providing.
OKBet Sports Betting
The other day, while I was at work, my cousin stole my iPad and tested to see if it can survive a forty foot drop, just so she can be a youtube sensation. My apple ipad is now broken and she has 83 views.
I know this is entirely off topic but I had to share it
with someone!
Here is my web page: slot gacor gampang menang