Y-MAX University ၏မိခင် Company ဖြစ်သော Y-Max Technologies Co., Ltd ကို ၂၀၀၇ ခုနှစ် ကတည်းက စတင် တည်ထောင် ခဲ့သောကြောင့် ပညာရေး နယ်ပယ်တွင် (၁၂)နှစ်ကျော် အတွေ့အကြုံ ကောင်းများရှိပါသည်။ ယခုအခါ IT နှင့် Management ၂ပိုင်းစလုံးတွင် Diploma သာမက Bachelor Degree, Master, Ph.Dအထိပါ အောင်မြင်စွာ သင်ကြား ပို့ချနိုင်ခဲ့သော College တစ်ခုအဖြစ် ဂုဏ်ယူစွာဖြင့် ရပ်တည် နိုင်ခဲ့ပါပြီဖြစ်ပါသည်။ သက်ဆိုင်ရာ နယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ ပြည်တွင်း၊ ပြည်ပမှာရှိ ပါရဂူဘွဲ့ Ph.D, Master မဟာဘွဲ့ ၊ BE, B.C.Sc, B.C.Techနှင့် International Certified များမှအနီးကပ်ကြီးကြပ်ပြီးစေတနာအပြည့်အဝဖြင့် သင်ကြား ပြသပေးပါသည်။


Y-Max University ဟာ အိုင်တီ နည်းပညာနှင့် စီးပွားရေး စီမံခန့်ခွဲမှု ပညာရပ်တွေ သင်ကြားပို့ချ ပေးနေတဲ့ သင်တန်းကျောင်း အဖြစ် ရပ်တည်ခဲ့တာ ( ၁၁ ) နှစ်ကြာ သက်တမ်း ရှိပြီ ဖြစ်ပြီး ယခုအခါမှာ အင်္ဂလန် ပညာရေးအတိုင်း လမ်းညွှန် ချမှတ်ထားတဲ့ သင်ရိုးများကို ပြည်တွင်းမှာပင် အရည်အသွေး ပြည့်မီစွာ သင်ကြားခွင့် ရသော တရားဝင် အသိအမှတ်ပြု ထားတဲ့ ကောလိပ်ကြီး တစ်ခု အဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ အိုင်တီနဲ့ နည်းပညာကို ရူးသွပ်တဲ့ လူငယ်တွေကို ၂၁ ရာစုရဲ့ နည်းပညာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ပြီး အိုင်တီ နယ်ပယ်မှာ အသက်မွေးဝမ်း ကျောင်းနိုင်တဲ့ အဆင့်ရောက်အောင် ပညာတွေကို လက်ဆင့်ကမ်း ဖြန့်ဖြူး ပေးပြီး ဆွေးနွေး တိုင်ပင်ပေးနေတဲ့ ပညာရေး အဖွဲ့အစည်း တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် လက်တွေ့အတွက် ကိုယ်ပိုင် ဆာဗာခန်းတွေ အသေအချာ တည်ဆောက် ထားပေးပြီး လက်တွေ့ကို အဓိက ကျွမ်းကျင်ပြီး လုပ်ငန်းခွင် အသင့် အနေအထား ဖြစ်အောင် လေ့ကျင့်ပေးရာ မြန်မာပြည်၏ တက္ကသိုလ်ကြီး တစ်ခုလည်း ဖြစ်ပါတယ်။ Y-Max University ဟာ မောင်တို့မယ်တို့ရဲ့ အိမ်မက်တွေ လက်တွေ့ အကောင်အထည် ပေါ်လာစေဖို့ ပညာသင်ယူရာ ရပ်ဝန်းကြီး တစ်ခုအဖြစ် ဖန်တီး ပေးထားတဲ့ အတွက် မောင်မယ်တို့ရဲ့ ဘဝတဆင့် ထက်တဆင့် မြင့်တက်လာစေဖို့ များစွာ အထောက်အကူ ဖြစ်မယ်လို့ လည်း ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူငယ်တွေ ကျွန်တာ်တို့ရဲ့ ကောလိပ်မှာ ပညာတွေပျော်ရွှင်စွာ သင်ယူကြရင်း အဖိုးတန်တဲ့ အတွေ့အကြုံ တွေလည်း အများကြီး ရအောင် ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

YMU ၏ ပညာရေး မဟာဌာန အဖွဲ့ဝင် မန်ဘာတွေဟာ ပညာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေ ဖြစ်ရုံသာမကဘဲ သင်ကြားရေး ပိုင်းမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိတဲ့ ဒေါက်တာ ဘွဲ့ရ ဆရာကြီး၊ ဆရာမကြီးတွေမှ ကြီးကြပ်ပြီး ပါဝင် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါကြောင့် YMU ကို ရောက်လာပြီး ပညာသင်ယူကြတဲ့ လုူငယ် မောင်မယ်တွေကို စာသင်ခန်းမှာ သာမက၊ Lab အခန်း၊ စာကြည့်တိုက်နှင့် ကိုယ်ပိုင် ချိန်တွေမှာ ပါ အထက်ပါ ဆရာကြီး၊ ဆရာမကြီးတွေရဲ့ သွန်သင် လမ်းညွှန်မှုတွေကို သိရှိ လိုက်နာ မှတ်သား နာယူနိုင်မှာ ဖြစ်ပါတယ်။ စာသင်ခန်းနှင့် Lab ခန်းတွေမှာလည်း အဆင့်မြင့် Multimedia စက်ပစ္စည်းများကို တပ်ဆင် ပေးထားတဲ့အပြင် ခေတ်မီ အဆင့်မြင့် သင်ထောက်ကူ ပစ္စည်းများ ကို စာသင် ခန်းမများတွင်ပါ ထည့်သွင်း တပ်ဆင် ပေးထားပါတယ်။
Pearson Education (UK) ဆိုတာ ကမ္ဘာ့နိုင်ငံပေါင်း (70) မှာ ဝန်ထမ်းပေါင်း 22000 ကျော်နဲ့လည်ပတ်လျက်ရှိတဲ့ နှစ်ပေါင်း (180) သက်တမ်းရှိပညာရေး အဖွဲ့အစည်းကြီး တစ်ခု ဖြစ်ပါတယ်။
မြို့တော် လန်ဒန်တွင် အခြေစိုက်ပြီးနိုင်ငံအတော်များများမှာပါ ရုံးခွဲပေါင်းများစွာဖွင့်လှစ်ပြီး ပညာရေးဝန်ဆောင်မှုများ ပြုလုပ်ပေးလျှက်ရှိပါတယ်။
Pearson ဟာ Higher Education မှာ မသိသူမရှိလောက်အောင် ပညာရပ်ဆိုင်ရာ Textbook များထုတ်ဝေဖြန့်ဖြူးခြင်း၊ နိုင်ငံတကာ Framework နဲ့အညီ လက်မှတ်ချီးမြှင့်သောအဖွဲ့အစည်းများ၊ ကျောင်းများကို အရည်အသွေးကြီးကြပ်ခြင်း၊ အသိအမှတ်ပြုခြင်း များကို ဆောင်ရွက်ပြီး ကိုယ်တိုင်လည်း သင်တန်းအစီအစဉ်များကို အမြဲ ဆန်းသစ်မွန်းမံကာ ဖြန့်ဖြူးပေးလျှက်ရှိသော ကမ္ဘာလုံးဆိုင်ရာ ပညာရေးအဖွဲ့အစည်းကြီး တရပ်ဖြစ်ပါတယ်။
Pearson BTEC အနေဖြင့် IT နှင့်ဆိုင်သော Exam Center များကို စစ်ဆေး အသိအမှတ်ပြုကာ နိုင်ငံတကာ Certificate များကိုပါ လေ့လာသင်ယူဖြေဆိုနိုင်အောင် ဆောင်ရွက်ပေးပါတယ်။ Y-Max University အနေဖြင့် 2020 ခုနှစ်မှာ Pearson Education( UK ) ၏ တရားဝင် Approved Center အဖြစ် ရရှိခဲ့ပြီး International Certificates များကို ပြည်တွင်းမှာ ဖြေဆိုရယူနိုင်အောင် ဆောင်ရွက်ပေးလျှက် ရှိပါတယ်။
Read More
NCC Education (UK) ဆိုတာ UK Government က တည်ထောင်ခဲ့တဲ့ ပညာရေးအဖွဲ့အစည်းကြီးဖြစ်ပြီး ယခုအခါ နှစ်ပေါင်း ( ၅၅ ) နှစ်ကျော် သက်တမ်း ရှိပါပြီ။
NCC Education (UK) ဟာ နိုင်ငံပေါင်း (၅၀ ) ကျော်မှာ Partner institution ပေါင်း (၁၇၀) ကျော်ရှိပြီး Computing ပိုင်းနှင့် Business ပိုင်း ဘာသာရပ်များစွာကို အဓိက offer လုပ်နေတဲ့ Global ပညာရေး အဖွဲ့အစည်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။
NCC Education (UK) မှ နှစ်စဉ် ထူးချွန်ကျောင်းသား၊ ကျောင်းသူများစွာကို မွေးထုတ်ပေးလျက်ရှိပြီး NCC ကျောင်းသား၊ကျောင်းသူဟောင်း များဟာ ဆိုရင်လည်း ယခုအခါ နယ်ပယ်အသီးသီးမှာ အောင်မြင်စွာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေလျက်ရှိပါတယ်။
Y-Max University အနေဖြင့် 2020 ခုနှစ်မှာ NCC Education( UK ) နှင့် တရားဝင်ချိတ်ဆက်ပူးပေါင်းကာ UCLAN ၏ Bachelor Top Up Degree ကို ပြည်တွင်းမှာ သင်ကြားနိုင်အောင် ဆောင်ရွက်ပေးနိုင်ပြီ ဖြစ်ပါတယ်။
Read More
LUC သည် ၂၀၁၇ခုနှစ်တွင် မလေးရှားအဆင့်မြင့် ပညာရေး ဝန်ကြီးဌာနမှ ပေးအပ်ချီးမြှင့် ထားသော "5-Star 2017" Excellent Award ရ မလေးရှားနိုင်ငံ ကြယ်ငါးပွင့်အဆင့် တက္ကသိုလ်ကြီးဖြစ်ခြင်း၊
LUC မှ ဘာသာရပ်များသည် အရည်အသွေး ပြည့်ဝသည့်အပြင် ကျောင်းစရိတ်မှာလည်း မြန်မာ ကျောင်းသူကျောင်းသားများ အတွက်တခြားတက္ကသိုလ်များနှင့်နှိုင်းယှဉ်ပါက လွန်စွာ သင့်တင့်မျှတသော ကျောင်း စရိတ်ဖြစ်ခြင်း၊
မလေးရှားနိုင်ငံတွင် တက္ကသိုလ်ပေါင်း (၂၉၈) ခုရှိသည့်အနက် LUC အဆင့်သတ်မျတ်ချက်မှာ အဆင့်(၅၀) ရှိခြင်း၊
Read More
Buckinghamshire New University, UK သည်နှစ်ပေါင်း ( ၁၂၅ ) နှစ် သက်တမ်းရှိသော UK ၏ Public တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါသည်။
2020 Guardian National Ranking အရ အဆင့်သတ်မှတ်ချက် ( 120 ) အဆင့်ရှိသော တက္ကသိုလ်ကြီးဖြစ်သည့်အပြင် အင်္ဂလန် အစိုးရတက္ကသိုလ်ကြီးများတွင် စစ်ဆေးတိုင်းတာလေ့ရှိသော TEF ( Teaching Excellence and Student Outcome Framework ) စစ်ဆေးမှုအရ ငွေတံဆိပ်ဆုရ တက္ကသိုလ်ကြီးတစ်ခုလည်း ဖြစ်ပါသည်။
Reputation အရကြည့်မည်ဆိုလျှင်လည်း UK daily Telegraph 2013 စစ်တမ်းများအရ ထိပ်တန်း တီထွင်ဖန်တီးနိုင်မှုအကောင်းဆုံး UK တက္ကသိုလ် ( ၁၄ ) ခုစာရင်းဝင်ခဲ့ခြင်း၊ The Complete University Guide အရ အဆင့်သတ်မှတ်ချက် ( ၁၁၅ ) နေရာတွင်ရှိသော Creative University ကြီးအဖြစ် ကျော်စောခဲ့ပါသည်။
Read More
The Organization for Tourism and Hospitality Management ( OTHM) ကို 2001 ခုနှစ် လန်ဒန်မှာ ပညာရေးအဖွဲ့ဝင်များနှင့် လုပ်ငန်းခွင်မှကျွမ်းကျင်သူများဖြင့် စတင်ဖွဲ့စည်းတည်ထောင် ခဲ့ပါတယ်။
OTHM ဆိုတာ UK ရဲ့ awarding body တစ်ခုဖြစ်ပြီး The Office of Qualifications and Examinations Regulation (Ofqual) regulated အဖွဲ့အစည်းကြီးတစ်ခုလည်း ဖြစ်ပါတယ်။
19 နှစ်ကျော်ရပ်တည်လာခဲ့သော UK based ပညာရေးအဖွဲ့အစည်းကြီးဖြစ်သည့်အပြင် ဂုဏ်သိက္ခာရှိသော ပညာရေးအဖွဲ့အစည်းအဖြစ်နိုင်ငံတကာမှ ကျောင်းသားကျောင်းသူ များစွာ လေ့လာသင်ယူနေသော Undergraduate program၊ Degree Pathway program နှင့် Post Graduate program များဖြစ်ပါတယ်။
Read More
UCLAN ဆိုတာ UK ၏ အစိုးရတက္ကသိုလ်ကြီးတစ်ခုဖြစ်ပြီး နှစ်ပေါင်း ( ၁၉၀ ) ကျော်သက်တမ်းရှိသော တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါသည်။
နိုင်ငံပေါင်း ( ၁၀၀ ) ကျော်မှ ကျောင်းသားကျောင်းသူများနှင့် သုတေသနပညာရှင်များ လာရောက်ပညာဆည်းပူးရာ တက္ကသိုလ်ကြီးဖြစ်ပြီး နိုင်ငံတကာအသက်မွေးဝမ်းကျောင်းတက္ကသိုလ်၊ကောလိပ်ပေါင်း ( ၁၂၅ ) ကျောင်းဖြင့် ချိတ်ဆက်ကာ ပညာများဖြန့်ဝေပို့ချပေးလျှက်ရှိပါသည်။
UCLAN သည် တရုတ်နိုင်ငံရှိထိပ်တန်းတက္ကသိုလ်များနှင့် ပူးပေါင်း၍ China’s Shenzhen Virtual University Park တွင် Nanotechnology နည်းပညာနှင့်ပတ်သက်သော သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသော တက္ကသိုလ်ကြီးလည်း ဖြစ်ပါသည်။
Read More
NCFE ဆိုတာ Northern Council for Further Education ဖြစ်ပြီး အင်္ဂလန်နိုင်ငံ အခြေစ�1��ာ ဒီပလိုမာ များကို ထုတ်ပေးရာ ပညာရေး အဖွဲ့အစည်းကြီး တစ်ရပ်ဖြစ်ပါသည်။
NCFE ဆိုတာအစိုးရနဲ့သက်ဆိုင်သောပညာရေး ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစက�းနှင့် ချိတ်ဆက် ကာ ဒီပလိုမာ များကို ထုတ်ပေးရာ ပညာရေး အဖွဲ့အစည်းကြီး တစ်ရပ်ဖြစ်ပါသည်။
NCFE ဆိုတာအစိုးရနဲ့သက်ဆိုင်သောပညာရေး ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီးနိုင်ငံတကာ အသိအမှတ်ပြု Certificate နှင့်Diploma ဘွဲ့များကို သင်ကြားနိုင်ရန်ဒီဇိုင်းချပေးခြင်း၊ ချီးမြှင့်ပေးခြင်းတို့ကိုပြုလုပ်ပေးနေသည့် World-Wide Recognition ပညာရေးအဖွဲ့အစည်းကြီး တစ်ခုဖြစ်ပါသည်။
Read More