FAQ

General

Y-Max University မှာတတ်လို့ရတဲ့ Program တွေက Higher National Diploma, Bachelor Degree, Ph.D, Professional Diploma စတာတွေတတ်လို့ရပါတယ်။

Higher National Diploma

HND မှာဆိုရင် Advanced Diploma in Computing, Advanced Diploma in Business နှင့် Advanced Diploma in Civil Engineering တို့ရှိပါတယ်။

တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) IGCSE / GCE 'O' Level ဖြေဆိုပြီးထားသူများ၊ တက္ကသိုလ်ဝင်တန်း  မအောင်မြင်သူများအနေဖြင့် (တခြားနည်းလမ်း) များဖြင့် တတ်ရောက်နိုင်ပါသည်။

Higher National Diploma (HND) ကို Scottish Qualifications Authority (SQA) က တိုက်ရိုက်ပေးအပ် ချီးမြှင့်တာဖြစ်ပြီး ဂုဏ်သိက္ခာကြီးမားပြီး UK နိုင်ငံ စကော့တလန်ရှိ နှစ် (၁၂၀) ကျော်သက်တမ်းရှိသော အစိုးရအာဏာပိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

Higher National Diploma (HND) ကို တတ်မယ်ဆိုရင်  သင်တန်းကာလအနေနဲ့ (၂) နှစ်ကြာမြင့်မှာဖြစ်ပါတယ်။

Higher National Diploma သင်တန်းကာလပြီးဆုံးပါက SQA မှ အသိအမှတ်ပြု SCQF Level (8) အဆင့်ရှိ လက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။

ကျောင်းက လစဉ် သက်သာသောနှုန်းထားဖြင့် စီစဉ်ပေးထားသော ယောကျာ်းလေး/မိန်းကလေး အဆောင် ရှိပါတယ်။

Higher National Diploma သင်တန်းပြီးဆုံးပါက ဘွဲ့ရသည်အထိ Y-Max University မှာပဲ Bachelor, Ph.D အထိ သက်ဆိုင်ရာ ဘာသာရပ်အလိုက် တတ်လို့ရပါတယ်။

Higher National Diploma သင်တန်းပြီးဆုံးပါက SQA နှင့် ချိတ်ဆက်ထား သော UK အပါအဝင် သြစတေးလျ ၊ ကနေဒါ ၊ နယူးဇီလန် ၊ အမေရိကန် ၊ စင်္ကာပူ ၊ မလေးရှား အစရှိတဲ့ နိုင်ငံက တက္ကသိုလ်တွေမှာ နောက်ဆုံးနှစ် (၁)နှစ် တက်ရောက်ပြီး Bachelor ဘွဲ့ကို ရယူနိုင်ပါတယ်။

Higher National Diploma သင်တန်းအတွက် သင်တန်းသားဦးရေ အများဆုံး (၂၀)ဦးပဲ လက်ခံတာဖြစ်ပါတယ်။

Higher National Diploma သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာဘာသာရပ်နှင့်သက်ဆိုင်သော Company များတွင် Internship  စီစဉ်ပေးပါသည်။

Professional Diploma

Professional Diploma တွေအတွက် ရှိတဲ့ ဘာသာရပ်တွေက  အဓိကအနေနဲ့ အိုင်တီ နှင့် စီးပွားရေးဆိုင်ရာ ဘာသာရပ်တွေရှိပါတယ်။ အောင်ပါ Link မှာ ဝင်ကြည့်နိုင်ပါတယ်။

Professional Diploma တွေကို တတ်မယ်ဆိုရင် သက်ဆိုင်ရာဘာသာရပ်များရဲ့ အခြေခံ လိုအပ်ချက်တွေ သိထားဖို့လိုအပ်ပါတယ်။ ( ဥပမာအနေနဲ့ "Diploma in Network Engineering" ကို တတ်မယ်ဆိုရင် အခြေခံ အနေနဲ့ တတ်ရောက်မယ့်သင်တန်းသားက အခြေခံ CompTIA A+ ကို သိထားဖို့လိုပါတယ်။)

Professional Diploma တွေကို Northern Council for Further Education (NCFE) အင်္ဂလန်နိုင်ငံအခြေစိုက် နှစ်ပေါင်း (၁၇၀) ကျော်သက်တမ်းရှိအင်္ဂလန်နိုင်ငံရှိ Ofqual ပညာရေးအဖွဲ့အစည်းကြီး၏ အသိအမှတ်ပြုခံထားရခြင်း ဖြစ်သည့်အပြင် Certificate, Diploma မှသည် Level 7 ဘွဲ့လွန်အထိတက်ရောက် ရယူနိုင်သော ကမ္ဘာ့အသိအမှတ်ပြုစစ်မှန်ခိုင်မာ၍ အရည်အသွေးပြည့်ဝ သော ပညာရေးအဖွဲ့အစည်းကြီးမှ အသိအမှတ်ပြုထားပါသည်။

Professional Diploma တွေကို တတ်မယ်ဆိုရင် သင်တန်းကာလအနေနဲ့  နာရီ ပေါင်း ၇၂ နာရီ သင်ကြားရမှာ ဖြစ်ပါတယ်။

Professional Diploma တွေမှာ သက်ဆိုင်ရာ သင်ခန်းစာတွေ အလိုက် Multiple Choice, Assignment များတင်ရပါသည်။

Professional Diploma သင်တန်းပြီးဆုံးပါက SCQF Level (3) အဆင့်ရှိ Diploma ကို 5 Stars Hotel မှာ ကျင်းပပြုလုပ်ပေးမယ့် ကြီးကျယ်ခမ်းနားတဲ့ ဘွဲ့နှင်းသဘင်ကိုလည်း တက်ရောက်ယူရမှာဖြစ်ပါတယ်။

Bachelor Degree

Bachelor Degree နောက်ဆုံးနှစ် ကို Y-Max University မှာပဲ တက်လို့ရပါသည်။

Bachelor Degree အတွက် အဓိက အနေနဲ့  အိုင်တီနှင့် စီးပွားရေးဆိုင်ရာ  ဘာသာရပ်များပါရှိပါသည်။

Bachelor Degree ကို တက်ရောက်ဖို့ အတွက် HND ပြီးထားတဲ့သူ ၊ အနည်းဆုံး ဘွဲ့တစ်ခု ရရှိထားပြီးသားသူ၊ သတ်မှတ်ထားသော ပညာအရည်အချင်း နဲ့ပတ်သက်သော Transcript များလိုအပ်ပါသည်။

Bachelor Degree ကို Lincoln University College, Buckinghamshire New University (UK), University of Central Lancashire တို့မှ အသိမှတ်ပြုထားပါသည်။ ဖော်ပြပါ ပညာရေးတက္ကသိုလ်များနှင့်ဆိုင်သောအကြောင်းကို အောင်ပါ Link တွင် ဝင်ရောက်ကြည့်နိုင်ပါသည်။

Bachelor Degree တွေကို တတ်မယ်ဆိုရင် အချိန်ကာလအနေနဲ့  (၁) နှစ်ကြာမြင့်မှာဖြစ်ပါတယ်။

Master Degree

Master Degree ကို Y-Max University မှာပဲ တက်လို့ရပါသည်။

Master Degree အတွက် အဓိက အနေနဲ့  အိုင်တီနှင့် စီးပွားရေးဆိုင်ရာ  ဘာသာရပ်များပါရှိပါသည်။

Master Degree ကို တက်ရောက်ဖို့ အတွက် အနည်းဆုံး ဘွဲ့တစ်ခု ရရှိထားပြီးသားသူ၊ သတ်မှတ်ထားသော ပညာအရည်အချင်း နဲ့ပတ်သက်သော Transcript များလိုအပ်ပါသည်။

Master Degree ကို Lincoln University College မှ အသိမှတ်ပြုထားပါသည်။

Master Degree ကို တတ်မယ်ဆိုရင် အချိန်ကာလအနေနဲ့  (၁) နှစ် ခွဲ ကြာမြင့်မှာဖြစ်ပါတယ်။

Payment

Y-Max University မှာ သင်ကြားတဲ့ Course တွေကို အတိုးမဲ့ အရစ်ကျစနစ် ဖြင့် သက်ဆိုင်ရာ ဘာသာရပ် အလိုက် ပေးသွင်းနိုင်ပါသည်။